မန္တလေး နိုဝင်ဘာ ၁၀
ကျောင်းသား၊ ကျောင်းသူများကို ပညာရေးတွင် ထူးချွန်ရုံသာမက အားကစားတွင်လည်း ထူးချွန်ထက်မြက်သည့် ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း သိရသည်။
"အဓိကက ဘက်စုံထူးချွန်တဲ့ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်လာစေဖို့ သတ်မှတ်ထားတဲ့ အားကစားနည်း (၅) မျိုးနဲ့ လေ့ကျင့်သင်ကြားပေးနေတာပါ၊ မြို့နယ်အတွင်း အားကစားပြိုင်ပွဲမှ အစပြုပြီး ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ လေ့ကျင့်ပေးထားပါတယ်"ဟု ချမ်းမြသာစည်မြို့နယ် အထက (၃၀) အထက်တန်းပြ (ကာယနည်းပြ) ဒေါ်တင်နီလာကြိုင်က ပြောပါသည်။
ချမ်းမြသာစည်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းအမှတ် (၃၀) တွင် ယခုနှစ်အတွင်း ဘက်စုံထူးချွန်သူ(၆)ဦး ပေါ်ထွက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)