ရွှေဘိုမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

​ရွှေဘို နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ​ရွှေဘိုမြို့ အမှတ်(၂)အ​​ခြေခံပညာ အထက်တန်း​ကျောင်း​ ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ​ရွှေဘိုခရိုင်ပညာရေးမှူး ဦးစိုးနိုင်က ပညာရေးကဏ္ဍ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစု ပျိုးထောင်ပေးခြင်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှုသည်လည်း အလွန်အရေးကြီးပါကြောင်း၊ လုပ်ငန်းတိုင်းတွင် စီမံခန့်ခွဲမှု ကောင်းမွန်မှသာ ပညာရေး လုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတာဝန် ထမ်းဆောင်ရာဒေသ၏ သင်ကြားသင်ယူရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို အချင်းချင်းဖလှယ်ခြင်းဖြင့် စွမ်းဆောင်ရည်များ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ​ဆွေးနွေးပွဲတွင် စိတ်ပါဝင်စားစွာ သင်ယူပြီး ရလဒ်ကောင်းများ ရရှိ​အောင်​ ဆောင်ရွက်ကြ​စေလို​ကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် သင်တန်းနည်းပြ(၄)ဦးတို့က ဦး​ဆောင်​ဆွေး​နွေးသွားမည်ဖြစ်ပြီး၊ ဆွေးနွေး ပွဲသို့ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၉၅)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကာလ မှာ နိုဝင်ဘာလ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ (၂)ရက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)