မင်းတုန်းမြို့‌ အမှတ်(၄)ရပ်ကွက်ရှိ ကွင်းအမှတ်(၃၂၉)တွင် မိုးစပါးစံကွက် ရိတ်သိမ်း

မင်းတုန်း နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများက မိုးစပါး စံကွက် ရိတ်သိမ်းရာ ကွင်းအမှတ် (၃၂၉)ရှိ တောင်သူ ဦးတာရဲ၏ လယ်တွင် မှော်ဘီ(၂) တစ်ဧကအထွက်နှုန်း အစိုထွက် ၄၂.၉၇ တင်းနှင့် တောင်သူ ဦးစိုးလှိုင်၏လယ်တွင် ဆင်းသုခ တစ်ဧကအထွက်နှုန်း အစိုထွက် ၉၄.၆၉ တင်း ထွက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ မိုးစပါးစံကွက်ရိတ်သိမ်းရခြင်းမှာ ရပ်ကွက်/ကျေးရွာအုပ်စု ကွင်းအလိုက်နှင့် စပါးမျိုးကွဲအလွှာအလိုက် တစ်ဧကအထွက်နှုန်း သိရှိနိုင်ရန် စံကွက်ရိတ်သိမ်းရခြင်းဖြစ်ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးထံမှ သိရှိရသည်။

မြို့နယ်