မြစ်ကြီးနားမြို့ပေါ်ရှိ အားကစားသမားဟောင်းများအား သက်ကြီးပူဇော်ပွဲကျင်းပ

မြစ်ကြီးနား နိုဝင်​ဘာ ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့‌ပေါ်ရှိ သက်ကြီးအားကစားသမားများအား ပထမအကြိမ်မြောက် ပူဇော်ကန်‌တော့ပွဲကို ယမန်နေ့ညနေ ၃ နာရီက အားကစားနှင့် ကယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သူက သက်ကြီးပူဇော်ပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ကန်တော့ခံ အားကစားသမားဟောင်းများကိုယ်စား ဦးပီတာ​မြင့်ဆွေမှ ကချင်ပြည်နယ်တွင် အားကစား အဆင့်အတန်း မြင့်မားလာစေရေး လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသူများမှ အားကစားသမားဟောင်းများအား ရှိခိုးကန်တော့ကာ ဝန်ကြီးနှင့် တက်ရောက်လာသူများမှ ကန်တော့ခံ အားကစားသမားဟောင်းများအား ဂါရဝပြု လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ရာ အားကစားသမားဟောင်းများမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားသို့ မြစ်ကြီးနားမြို့ပေါ်ရှိ အသက် (၆၅) နှစ်အထက် အားကစား သမားဟောင်း (၂၇) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)