ဗန်းမောက်မြို့၌ စာရေးဆရာ တက်တိုး၏ လောကနီတိစာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်အတွင်းရှိ စာပေချစ်သူများ၊ လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုတတ်သည့် အလေ့အထ ကောင်းများ ရရှိလာစေရန်နှင့် ဆွေးနွေးပြောဆို တတ်သည့် အလေ့ကျင့်ကောင်းများ ရရှိလာ စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက-၃)ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက-၃)ကျောင်း မေတ္တာခန်းမ၌ ကျောင်းသားကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍  အသိပညာပေး ဟောပြောခြင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲ က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင်အတွင်း မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးနှင့် မဲရုံများ လျာထားသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြင်းခြံခရိုင်အတွင်း မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်စေရေး၊ မဲရုံများ လျာထားသတ်မှတ်ရေးနှင့် မဲရုံသုံးပစ္စည်း လိုအပ်မှုများအတွက် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သီပေါမြို့နယ်တွင် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက အဆိုပါ အဆောက်အဦအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့တွင် မြေပြင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြဧရာတင်းနစ်ကလပ် တို့ ပူးပေါင်းကျင်းပသည့် တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းမြို့၊ မြဧရာတင်းနစ်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

မိုးနဲမြို့နယ် အခြေခံပညာအလယ်တန်း‌ကျောင်း၌ စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ နောင်ကျော့ အ.လ.က(ခွဲ)ကျောင်း စာသင်ခန်း‌နေရာ၌ စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆောင်းသီးနှံနှင့် နွေသီးနှံတိုးချဲ့စိုက်ပျိုးရေး တစ်ကွင်းတစ်စပ် နေကြာ (၄၄၃)ဧက အတွက် မျိုးစေ့ ထောက်ပံပေးအပ်ခြင်းနှင့် တောင်သူပညာပေးသင်တန်း အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံနှင့်၊ နွေသီးနှံ တိုးချဲ့စိုက်ပျိုးရေး တစ်ကွင်းတစ်စပ် နေကြာ(၄၄၃)ဧကအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူပညာပေးသင်တန်းကို ငကောင်းကံကျေးရွာအုပ်စု၊ ဇောင်ချမ်းကုန်းကျေးရွာ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၌ သုတေသနလုပ်ငန်း ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်မှ စိုက်ပျိုးရေး လုပ်ငန်းများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာသိပ္ပံ မဟာဌာနမှ ပြုလုပ်ရေးဆွဲခဲ့သည့် သုတေသနလုပ်ငန်းနှင့် ပတ်သက်သော  ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်း အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to