လဲချားမြို့နယ် အ-ထ-က(ခွဲ) နောင်မိန်းကျောင်းတွင်  (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းခွဲ နောင်မိန်းကျောင်းတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ (၁၀၂) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၂) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန့်နေ့ မှစ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အောင်လံမြို့၌ ဝါသီးနှံမျိုးကောင်းမျိုးသန့် မျိုးစေ့စိုက်ပျိုးထုတ်လုပ်နည်း ပညာပေးလက်တွေ့သင်တန်းဖွင့်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ဝါသီးနှံ မျိုးကောင်းမျိုးသန့် မျိုးစေ့စိုက် ပျိုးထုတ် လုပ်နည်း ပညာပေးလက်တွေ့သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ဝါသီးနှံမျိုးသန့်ခြံရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ဆင်ပေါင်ဝဲမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစာင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစာင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

(၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ရှင်ဗွေယန်မြို့၌ ကျင်းပ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇) ရက်နေတွင် ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ လူအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

တနိုင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် စာပေဆိုင်ရာပြိုင်ပွဲများ  ကျင်းပနေမှု ခရိုင်အုပ်ချုပ်ရေးမှူးမှ ကြည့်ရှုအားပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ၊ စာပေဆိုင်ရာ ပြိုင်ပွဲများကို နိုဝင်ဘာ ၁၄ ရက်နေ့မှ စတင်၍ တနိုင်းမြို့ အ.ထ.က (၁) ကျောင်းနှင့် အ.ထ.က (၂) ကျောင်းများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာမိုင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

၂၀၂၂ခုနှစ်၊ နို၀င်ဘာ (၁၇)ရက်တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ့‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၁၀)နာရီခန့်က ကာမိုင်းမြို့ အ.ထ.ကကျောင်း၌ စာစီစာကုံး ပြိုင်ပွဲကျင်းပခဲ့သည်။

ကျိုက်လတ်၌ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။

ဆိပ်ဖြူမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊   ဆိပ်ဖြူမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက  ကျင်းပပြုလုပ်သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအား မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်‌ရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည် ဆောက်ရေးလုပ်ငန်းများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တင်ပြထားသည့် တည်ဆောက်ရေးလုပ်ငန်းများအား မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီ က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to