(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ သန်လျင်၌ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သန်လျင်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်ဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

တိုက်ကြီးမြို့နယ် မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် မြို့မဈေးအတွင်း မီးလောင်ခြင်း၊ မီးလန့်ခြင်းများမဖြစ်ပွားစေရေး ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်ခြင်းနှင့်ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို မြို့နယ်မီးသတ်ဉီးစီးဌာနမှ ယမန်နေ့ညနေ ၃ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ အခြေခံပညာအထက်တန်းဆင့် အမျိုးသားအောင်ပွဲတို့ဆင်နွှဲ ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် စာစီစာကုံးဖြေဆိုသူ (၈) ဦးနှင့် အခြေခံပညာအလယ်တန်းဆင့် အမျိုးသားနေ့တို့မမေ့ ခေါင်းစဉ်ဖြင့်  အလယ်တန်းဆင့် စာစီစာကုံးဖြေဆိုသူ (၂၁) ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ( ၂၉ ) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်း (အခြေခံ) သင်တန်းဆင်းပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့ချောင်း)၌ ယမန်နေ့က မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်း(အခြေခံ)သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အထက(မိုးညို)တွင် (၁၀၂)နှစ်‌မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းနား ပြုလုပ်

၂၀၂၂-ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အထက(မိုးညို) သရဖူခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်နှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

၂၀၂၂ ခုနှစ် နို၀င်ဘာ ၁၇ ရက်‌ နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရေဦးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အင်ကြင်းဆောင်တွင် ကျင်းပခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အသိပညာပေး(Talk Show)ပြုလုပ်

မိုင်းဖြတ်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အသိပညာပေး(Talk Show)ပြုလုပ် မိုင်းဖြတ် နိုဝင်ဘာ ၁၆ သန်းထွန်းအေး

နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ  စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက Mobile Library ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင်၂၀၂၂ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနတို့ပူးပေါင်း၍ ၂၀၂၂ခုနှစ်မိုးစပါးစံကွက် ရိတ်သိမ်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့နယ် နန်းရာ ကုန်း ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။
Subscribe to