(၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ရှင်ဗွေယန်မြို့၌ ကျင်းပ

ရှင်ဗွေယန် နိုဝင်ဘာ ၁၆

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇) ရက်နေတွင် ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ လူအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို "အမျိုးသားနေ့နှင့်သမိုင်းပေးတာဝန်" ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်း (ရှင်ဗွေယန်)ကျောင်းမှ ကျောင်းသား ကျောင်းသူ (၁၆) ဦးတို့က ပါဝင်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြရာ ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသားကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှု ခဲ့ကြောင်းနှင့် အဆိုပါ ပြပွဲ၊ ပြိုင်ပွဲများကို ကျောင်းသား ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းကို မမေ့မလျော့စေရန်၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ ရင်ထဲထာဝရစဉ်ကိန်းအောင်း နေစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွား၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပကြောင်း သိရသည်။

ရှင်ဗွေယန် (ပြန်/ဆက်)