ဆင်ပေါင်ဝဲမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစာင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစာင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက အမျိုးသားနေ့ဒို့မမေ့ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ပြသထားသော အမျိုးသားနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပါ အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

က်လက်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သုတစာအုပ်မျိုးစုံ၊ ရသ စာပေများ၊ အပျော်ဖတ်ရုပ်ပြ၊ ကာတွန်းများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)