ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအား မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်‌ရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေး

ဆိပ်ကြီးခနောင်တို  နိုဝင်ဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည် ဆောက်ရေးလုပ်ငန်းများနှင့် ၂၀၂၃-၂၀၂၄  ဘဏ္ဍာရေးနှစ်တွင် တင်ပြထားသည့် တည်ဆောက်ရေးလုပ်ငန်းများအား မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီ က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင် က အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဘတ်ဂျက်ခွဲဝေခွင့်ပြုမှုအရ မိမိတို့ဌာနဆိုင်ရာနှင့် ရပ်ကွက်များအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်ရန် လျာထားတင်ပြထားသည့် တည်ဆောက်ရေး လုပ်ငန်းများအား တစ်ဦးချင်း ရှင်းလင်းတင်ပြရာ မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်သည့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ(IPRD)