ဆိပ်ဖြူမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ဆိပ်ဖြူ နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊   ဆိပ်ဖြူမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက  ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေး (Talk Show) ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးသည်။

အဆိုပါ အသိပညာပေး (Talk Show) အစီအစဉ်တွင်ဒုတိယဦးစီးမှူး ဒေါ်စီစီမိုးက   ပြည်သူ အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှုများ၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေး မေးမြန်းခဲ့ပြီး ..က(ဆိပ်ဖြူ) ကျောင်းအုပ်ဆရာကြီး ဦးမျိုးအောင်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ အမျိုးသားအောင်ပွဲနေ့အဖြစ်သတ်မှတ်ကြပုံ၊ အမျိုးသားကောလိပ်ဆရာများအကြောင်း၊ အမျိုးသား အောင်ပွဲနေ့သည် သမိုင်းတွင် အရေးပါပုံ၊ အမျိုးသားအောင်ပွဲနေ့နှင့် နိုင်ငံသားများ၏ တာဝန်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)