ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၂) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန့်နေ့ မှစ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲများမှာ မီတာ(၅၀၀)၊ မီတာ(၁၀၀) အပြေး ပြိုင်ပွဲများ၊ အာလူးကောက်ပြိုင်ပွဲ၊ အင်္ကျီဝတိပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ ကြိုးခုန်ပြိုင်ပွဲနှင့် ခြေစုံပူးပြိုင်ပွဲ စသည့်ပြိုင်ပွဲပေါင်း (၇) မျိုးကို ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူများအား အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်မည့် ကျောင်းသားစုံညီပွဲတော်တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)