မောက်မယ်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသား ကျောင်းသူများ မျိုးချစ်စိတ်ဓါတ်များ ပိုမိုရင့်သန်လာစေရန် ၊ မိမိနိုင်ငံ၏နေ့ထူးနေ့မြတ်ကို အလေးထားသတိရရှိစေရန် အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၌ ယနေ့ နံနက် (၁၀) နာရီခွဲက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အတွက် တွေ့ဆုံပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံနည်းဗျူဟာမှူး  ဗိုလ်မှူးကြီးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယမန်နေ့  မွန်းလွဲ  ၂  နာရီက  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
Subscribe to