မယ်စဲ့မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အကြို နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အ.မ.က (တန့်ဆိုင်) ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၂ ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ယနေ့နံနက် ပိုင်းက အထက (ဝေါလေမြိုင်) စာသင်ကျောင်း၌ သွားရောက်ဖြန့်ဝေခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် ရဲဗလရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ က ရဲဗလရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးနေပြီဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ်  ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင်ထုတ်ချေးနေပြီ ဖြစ်ကြောင်း သိရသည်။ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြို့နယ်အတွင်းရှိ  ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ်များကို နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ နိုဝင်ဘာလ  ၁၆ ရက်နေ့အထိ ကျေးရွာအုပ်စု (၆)အုပ်စု ရှိ တောင်သူ (၁၅၄)ဦး ၏ သီးနှံစိုက် ဧက (၁၂၀၈)ဧက အတွက် ချေးငွေ ကျပ်သိန်း (၁၈၁၂) ထုတ်ချေးပေးပြီး ထုတ်ချေးရန်ကျံတောင်သူများအားလည်း  ဆက်လက် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း  သိရှိရသည်။

ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်းပြီး  ၁၃၈၄ ခုနှစ်၊ တန်ဆောင် မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟော ပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲပိုင်းက ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းတွေ့ဆုံပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ယ‎နေ့နံနက် ၉နာရီအချိန် က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျုံပျော်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

လူငယ်များ အမျိုးသားရေးစိတ်ဓာတ် ထက်သန် နိုးကြားနေစေရန်နှင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အမျိုးသားအားမာန်များဖြင့် ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရန်အတွက် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌  ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to