လဲချားမြို့နယ် အ-ထ-က(ခွဲ) နောင်မိန်းကျောင်းတွင်  (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

လဲချား နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းခွဲ နောင်မိန်းကျောင်းတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဆရာမ ဒေါ်မိုးသီတာဦးမှ အမျိုးသားရေးစိတ်ဓါတ် စသည် အကြောင်းအရာတို့ကို အသေးစိတ်ရှင်းလင်းဟောပြောပေးခဲ့ပြီး ကျောင်းသား/သူ (၁၃၀) ဦး ခန့် စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြောင်း သိရသည်။

(လဲချား၊မြို့နယ်/ပြန်ဆက်)