တနိုင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် စာပေဆိုင်ရာပြိုင်ပွဲများ  ကျင်းပနေမှု ခရိုင်အုပ်ချုပ်ရေးမှူးမှ ကြည့်ရှုအားပေး

တနိုင်း နိုဝင်ဘာ ၁၆

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ၊ စာပေဆိုင်ရာ ပြိုင်ပွဲများကို နိုဝင်ဘာ ၁၄ ရက်နေ့မှ စတင်၍ တနိုင်းမြို့ အ.ထ.က (၁) ကျောင်းနှင့် အ.ထ.က (၂) ကျောင်းများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် ခြင်းခတ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုတ်စီးထိုး ပြိုင်ပွဲ၊ ကဗျာလွတ်အက ပြိုင်ပွဲများ ပါဝင်ပြီး၊ စာပေဆိုင်ရာ ပြိုင်ပွဲများတွင် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပနေမှုအား တနိုင်းခရိုင် အုပ်ချုပ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမိုးဇော်လင်း၊ မြို့နယ်အုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲများတွင် ဆုရရှိသူများကို အမှတ်(၁)အခြေခံပညာအထက်တန်း၊ တေဇခန်းမတွင် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် အမျိုးသားအောင်ပွဲနေ့၌  တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပန်းအိ(တနိုင်း)