ကာမိုင်း နို၀င်ဘာ ၁၆
၂၀၂၂ခုနှစ်၊ နို၀င်ဘာ (၁၇)ရက်တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၁၀)နာရီခန့်က ကာမိုင်းမြို့ အ.ထ.ကကျောင်း၌ စာစီစာကုံး ပြိုင်ပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲကျင်းပရာအထက်တန်းအဆင့်တွင် အမျိုးသားနေ့အောင်ပွဲ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့်တွင် မမေ့နိုင်သော နေ့တစ်နေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်တွင် အမျိုးသားနေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ(၅၃)ဦးမှ ဆုရရှိသူများကို ကာမိုင်းမြို့ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆိုင်းခေါန်က ဆုများ အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)