ရွှေပြည်သာမြို့နယ်၌စက်ရုံ၊ အလုပ်ရုံများလျှပ်စစ်အန္တရာယ်၊ မီးဘေး အန္တရာယ်ကင်းဝေးစေရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများတွင် လျှပ်စစ်အန္တရာယ်နှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်ရှိ GY SEN Myanmar စက်ရုံအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။