မင်းကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်

မင်းကင်း  နိုဝင်ဘာ  ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို  ယမန်နေ့ညနေ (၁) နာရီက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးအရာရှိ ဒေါ်ကျင်ငိုက်မန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် မင်းကင်းမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာ များဖြစ်ကြသည့် စာရေးဆရာကျော်သိန်းဆွေ(မင်းကင်း)က "ပြည်သူများက နိုးကြားပါမှ"၊  စာရေးဆရာ မြင့်သဏ်း (မင်းကင်း)က "ခေါင်းဆောင်မှု"၊ စာရေးဆရာဦးတင်မောင်သိန်း (ပွင့်လျက်)က "သုတရသမျှဝေနည်း" ဆရာမကြီးဒေါ်ခင်ဆွေမြင့်က "အများ၏ယုံကြည်မှု" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ဆရာဦးသန်းငွေ၊ ဦးအောင်ဝင်း (အမှတ်-၃)တို့က စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်မှုအတွေး၏အရေးပါမှု" စာအုပ်ပါ အကြောင်းအရာများအား ခေါင်းစဉ်ခွဲများအလိုက် အသီးသီး ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ မင်းကင်းမြို့နယ်စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၁၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဇလပ်ဖြူ(မင်းကင်း)