ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး   အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၉ နာရီက မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများနှင့် တွဲဖက်ဌာနဝန်ထမ်းများအား မီးဘေးအန္တရာယ် ကင်းဝေးစေရန် မိမိက စမီးလောင်မှုဖြစ်ပွားခြင်း မရှိစေရန် သတိထားရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန်များကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်ဦးမှ အသိပညာပေး ဟောပြောခဲ့သည်။

ဘူးသီးတောင်မြို့နယ်တွင် အခြေခံပညာမှုလတန်းနှင့် အလယ်တန်းအဆင့် (မြို့နယ်အဆင့်) အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာမှုလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား အင်္ဂလိပ်စာ ဘာသာစကား၊ ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာစကားပြော ကျွမ်းကျင်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲပြုလုပ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ် အဆင့်င်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက   အခြေခံပညာ အထက်တန်းကျောင်း (ဘီးလင်း)၌ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၁၄၉) ဦး ဝင်ရောက် ဖြေဆိုကြသည်။

မိုင်းခုတ်မြို့၊ ဝမ်ဝိန်းကျေးရွာရှိ ခရမ်းစိုက်ခင်းအောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကအားထားလုပ်ကိုင်လျက်ရှိရာ အမှတ်(၂) ရပ်ကွက် (ဝမ်ဝိန်း)ရှိ တောင်သူ ဦးကျော်ဦး၏ စိုက်ပျိုးရေးခြံ၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ခရမ်းပင်များ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က စတင်စစ်ဆေးဆောင်ရွက်ကြသည်။

သီပေါမြို့နယ်တွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ အနာဂတ်လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန် ထက်မြက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ အထက်တန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ဒေးဒရဲ‌ကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသိပညာပေးဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာအုပ်စု၊ ဒေး‌ဒရဲကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ခေနန်၊ ကွင်း‌ပေါက်ကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ခေနန်ကျေးရွာအုပ်စု၊ ခေနန်ကျေးရွာနှင့် ကွင်းပေါက်ကျေးရွာအုပ်စု၊ ကွင်းပေါင်ကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ကျေးရွာအရောက် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြသည်။

ကန့်ဘလူမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ၈၀ ရာခိုင်နှုန်းကျော်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ လယ်ယာထုတ်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် စျေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်ရနိုင်ရန် ရည်ရွယ်၍ အကောက်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နတ်ပေးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားသုံးစင်းတို့ကို တည်ဆောက် လျက်ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပုသိမ်အကယ်ဒမီ U-14 ဘောလုံးအသင်းနှင့် မြို့နယ် U-14 ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပုသိမ်‌ဘောလုံးအကယ်ဒမီ U-14 အသင်းနှင့် မော်လမြိုင်ကျွန်းမြို့နယ် U-14 ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲအား ယနေ့ညနေ ၃ နာရီခွဲအချိန်က မြို့မပြည်သူ့ ဘောလုံးအားကစားကွင်း၌ ဆောင်ရွက်သည်။
Subscribe to