သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး)ရေလယ်ဘုရားအား ရွာသူ ရွာသားများနှင့် ဘုရားဖူးပြည်သူများမှ သန့်ရှင်းရေးလုပ်အားဒါနဖြင့် လာရောက်ကုသိုလ်ယူ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားပေါ်၌ နိုဝင်ဘာ တတိယပတ်တွင် ဒေသခံရွာသူရွာသားများနှင့် ဘုရားဖူးပြည်သူများက သန့်ရှင်းရေးလုပ်အားဒါနဖြင့် တပျော်တပါး လာရောက်ကုသိုလ်ပြုလျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် ကိုယ်ပိုင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့်ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁၁)ရပ်ကွက်၊ မြသီတာအိမ်ယာ၊ Teacher Thuzar ကိုယ်ပိုင် ကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကမ္ဘာ့ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ကျောင်းသူများ၏ စွမ်းရည်မြှင့်ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် နိုဝင်ဘာ ၂၀ ရက့နေ့တွင်ကျရောက်မည် ကမ္ဘာ့ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ကျောင်းသူများ၏ ကာယ ဉာဏ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ချောင်းဆုံမြို့နယ် ၊ဒေါင်းရပ်အရှေ့ကျေးရွာခန်းမ၌ တီဘီရောဂါလူနာရှာဖွေကုသရေး အခမဲ့ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်(IOM)တို့ပူးပေါင်း ၍ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ဒေါင်းရပ် အရှေ့ကျေးရွာ၊ ခန်းမတွင်တီဘီရောဂါလူနာရှာဖွေရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန် နေ့ နံနက်(၉)နာရီက၊ ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဦးစီးဌာနအထူးကု ဆရာဝန်ကြီး ဒေါက်တာထွန်းဦး ဦးဆောင်ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ကျန်းမာ ရေးဝန်ထမ်းများက အခမဲ့ကွင်းဆင်းကုသခဲ့ကြသည်။

မလှိုင်မြို့နယ် ဖက်ကုန်းကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ဖက်ကုန်းကျေးရွာ သုခကာရီသာသနာ့ဗိမာန်၌ ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Subscribe to