မင်းဘူးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မင်းဘူး  နိုဝင်ဘာ  ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင်း မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဝင်းက ခရိုင်အတွင်းမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသအခြေ အနေများအပြင် ရွှေစက်တော် ဘုရားဖွင့်လှစ်နိုင်ရေး တို့ပါ ရှင်းလင်းဆွေးနွေးသွားခဲ့သည်။

ထို့နောက် ခရိုင်စီမံအဖွဲ့ဝင် (၁) ဒုဗိုလ်မှူးကြီးတင့်ကျော်က မင်းဘူးခရိုင်အတွင်းမှ မြို့နယ်များနှင့် ကျေးရွာများ၏ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာစွာရှိရေးတို့အတွက် တစ်စုံတစ်ရာ အရေးကြုံလာပါက မြို့နယ်/ခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်ဖွဲ့ဝင်များအား ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၏ အခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်နှင့် တင်ပြချက်များအပေါ် ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဝင်းက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)