ပုသိမ်ကြီး နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် မရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နိုင်စေရေးတို့ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
စက်သုံးဆီအရောင်းဆိုင်များရှိ ဝန်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်နှင့် တပ်ဖွဲ့ဝင်များသည် လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် အသိပညာပေး ပြောကြားပြီး စက်သုံးဆီ အရောင်းဆိုင်ရှိ သတ်မှတ်ထားသည့် မီးဘေးလုံခြုံမှုရှိ/မရှိ၊ မီးဘေးကာကွယ်ရေး ပစ္စည်းများ၊ စက်သုံးဆီသိုလှောင်ကန်များ၊ အစရှိသည်တို့အား လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
မီးသတ်ဆေးဘူးဖြင့် အဆိုပါ အရောင်းဆိုင်များရှိ ဝန်ထမ်းများ လက်တွေ့မီးငြှိမ်းသတ်နိုင်စေရန် တစ်ဦးခြင်း မီးသတ်ဆေးဘူးဖြင့် လက်တွေ့ငြှိမ်းသတ်ခဲ့ကြသည်။ မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် စက်သုံးဆီအရောင်းဆိုင်များအား ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်