ရွှေပြည်သာ နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများတွင် လျှပ်စစ်အန္တရာယ်နှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်ရှိ GY SEN Myanmar စက်ရုံအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်အန္တရာယ်နှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရန် ကွင်းဆင်းစစ်ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်နွယ်နီအေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသွင်ယုနိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းထွန်း မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဇင်မျိုးဦး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးတတိုင်းမွှေးနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)