ကျောက်ကြီးမြို့နယ်၌ တောင်သူဓါတ်မြေသြဇာဖြန့်ဖြူးပေးအပ်ပွဲကျင်းပ

 ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က တောင်သူဓါတ်မြေသြဇာဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေး(Talk Show) ကျင်းပ

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအသက်အိုးအိမ်ဆုံးရှုံးမှုအခြေအနေမဖြစ်ပေါ်စေရေးအတွက်ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနတို့ပူးပေါင်းပြီး ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ယနေ့နံနက် (၁၁)နာရီခွဲအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေး ဆွေးနွေးပွဲ (Talk Show) ကိုပြုလုပ်သည်။

လွိုင်လင်မြို့၌ မိုးစပါးစံကွက်ရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်နောက်ကျေးရွာအုပ်စု ၊ ကွင်းအမှတ် (၁-ခ) ဟိုတင့်ရွာအရှေ့မြောက်ကွင်း ၊ ဦးပိုင်အမှတ် (၄), ဧရိယာ (၀.၆၈)ဧက ရှိ တောင်သူ ဦးတမက်၏ ဧည့်မထအထွက်ကောင်းစိုက်ပျိုး သောလယ်ကွက်တွင် စုပေါင်းရိတ်သိမ်းရာ စပါးအခြောက်ထွက်နှုန်း တစ်ဧက (၅၈.၄၈) တင်း ထွက်ရှိကြောင်းသိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် မိုးစပါးစံပြကွက် စံကွက်ရိတ်သိမ်းပွဲ၊ ကောက်ရိုးထုံးခြင်း၊ နေကြာမျိုးစေ့ချခြင်း၊ ထွန်ရေးမလို မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ မိုးစပါးစံပြကွက် စံကွက် ရိတ်သိမ်းပွဲ၊ ကောက်ရိုးထုံးခြင်း၊ နေကြာမျိုးစေ့ချခြင်း၊ ထွန်ရေးမလို မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ် ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက တဲကြီးကုန်းကျေးရွာ ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူး ကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးကျော်သိန်းဆိုင်၊ နေပြည်တော် ကောင်စီနယ် မြေ၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းထိန်နှင့် ဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးနိုင်ဦးနှင့် ဝန်ထမ်းများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ စိတ်ပါဝင်စားသူ တောင်သူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့သည်။

သုံးခွမြို့နယ်တွင်  အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်  သုံးခွမြို့နယ် အ.ထ.က(၁) ကျောင်းတွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား.   အင်္ဂလိပ်စာဘာသာစကား ဝေါဟာရ ကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာစကားပြော ကျွမ်းကျင်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍  အင်္ဂလိပ်စာစွမ်းရည် ရေးဖြေ ပြိုင်ပွဲကို ယနေ့ နံနက် ၉နာရီကကျင်းပကြောင်းသိရသည်။

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၉နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် စည်ပင်သာရပ် အေးမြမေတ္တာ ကျန်းမာရေးစောင့်ရှောက်မှု အသင်း ဆိုင်းဘုတ်ဖွင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် စည်ပင်သာရပ် အေးမြမေတ္တာ ကျန်းမာရေးစောင့်ရှောက်မှုအသင်း ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၇ ရက်နေ့ နက်ပိုင်းက တောင်ဖီလာကျောင်း တိုက်အတွင်း၌ ကျင်းပခဲ့သည်။
Subscribe to