တနိုင်းမြို့နယ်၌ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာပေးပြီး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှု မရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့် အသိပညာပေးခြင်းကို နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် (၈)နာရီခွဲက တနိုင်းမြို့ လူစည်ကားသည့် လီဒိုလမ်းမကြီးပေါ်ရှိ တနိုင်းတံတားထိပ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။