တောင်ဥက္ကလာပမြို့နယ်တွင် အနှေးယာဉ်များ ယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် ရောင်ပြန်စတေကာများ အခမဲ့တပ်ဆင်ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အနှေးယာဉ်များအား ညအချိန် ယာဉ်အန္တရာယ်ကင်းဝေးစေရန် အတွက် ရောင်ပြန်စတေကာများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် (၈) နာရီအချိန်က တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်း၊ နန္ဒဝန်ဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။