ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၈၈၃၉၅ ဧက စိုက်ပျိုးပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ များဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး ၊ပဲလွမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ စွန်တာပြာ၊ စွန်တာနီ၊ ထောပတ်ပဲနှင့်အခြား ပဲ ၉၀၀၂၇ ဧကကိုလျာထားပြီး စက်တင်လာလကစတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၈၈၃၉၅ ဧကစိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။