ကလေးဝ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျော်ဇင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် ပြုလုပ်ခဲ့သည်။
စံကွက်ရိတ်သိမ်းပွဲကိုတောင်သူ ဒေါ်စန်းကြည်ပိုင် ကွင်းအမှတ် (၄၀/ခ) ဆင်းသုခစပါးမျိုး မိုးစပါးစံပြကွက်ကို ရိတ်သိမ်းရာ အစိုအထွက်တင်း (၁၁၂)တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၁၀)ဦး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်း (၅)ဦးနှင့် ဒေသခံတောင်သူ (၁၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ကိုဇော်(ချင်းတွင်း-မြစ်သာ)