ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံ ဟင်းသီးဟင်းရွက် ဧက ၁၀၀၀ ကျော်စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ဧက ၁၀၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းမြို့၊ ရွှေမင်းဝံ အခြေခံပညာအထက်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဟောပြောဆွေးနွေး

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေမင်းဝံအခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြော ဆွေးနွေးပွဲကို နိုဝင်ဘာ(၂၂)ရက်၊ နေ့(၁)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။

နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား စတင်ထုတ်ပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၈)နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ပေါက်ခေါင်းမြို့နယ် ကျေးရွာနှစ်ရွာ၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေများဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါအဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး၍ ပြည်သူများစတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့ အ.ထ.က တွင် လူငယ်နှင့်အားကစား အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှကြီးမှူး၍ ‘လူငယ်နှင့်အားကစား’ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် အမှတ်(၁)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။

မိုးနဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၉ နာရီအချိန်ကစတင်၍ ဘဏ်ဝန်ထမ်းများက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to