ဘားအံ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့၊နည်းပညာတက္ကသိုလ်(ဘားအံ)တွင်ဘာသာရပ်ဆိုင်ရာမိတ်ဆက်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ် းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နည်းပညာတက္ကသိုယ် (ဘားအံ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ဘားအံ) ကျောင်းအုပ်ဆရာကြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာ အောင်ဇော်လတ် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် နည်းပညာတက္ကသိုလ်(ဘားအံ)တွင် ဝင်ခွင့်ရရှိသည့် ကျောင်းသား/သူများအား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ နိုင်ငံတော်မှ အား ထားရသည့် အင်ဂျင်နီယာကောင်းများ ပေါ်ထွက်လာစေရေးအတွက် မိမိတို့စိတ်ပါဝင်စားသည့်ဘာသာရပ်များ ကို ရွေးချယ်လျှောက် ထားရန်နှင့်သင်ကြားသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ သင်ကြားလိုက်နာကြရန်၊ ကျောင်းတက်ရာတွင် ဘေးကင်းလုံခြုံစိတ်ချစွာဖြင့် ပညာသင်ကြားနိုင်ရန် တာဝန်ရှိသူများမှဆောင်ရွက် ထားပေးပါကြောင်း ပြောကြားခဲ့ပြီးနောက် မော်ကွန်းထိန်းနှင့် ပါမောက္ခဌာနမှူးများက ဘာသာရပ်အလိုက်မိတ်ဆက် စကားပြောကြားကြပါသည်။
နည်းပညာတက္ကသိုလ်(ဘားအံ)တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသား/သူ (၁၃၆) ဦးဝင်ခွင့်ရရှိပြီး ၂၀-၁၁-၂၂ ရက်နေ့မှစ၍ ကျောင်းစတင်ဖွင့်လှစ်ခဲ့ကြောင်း၊ နည်းပညာ တက္ကသိုလ်(ဘားအံ)တွင် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား၊ အင်ဂျင်နီယာ ဘာသာရပ်များကို ကျောင်းသား/သူ(၅၈၀)ဦးခန့် ပညာသင်ကြား လျက်ရှိကြောင်းနှင့် နည်းပညာတက္ကသိုလ်(ဘားအံ)ကျောင်းသည် နိုင်ငံတကာ ISO(900/2015) လက်မှတ်ရထားသည့်ကျောင်းတစ်ကျောင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)