ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၂)ဖွင့်လှစ်
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်နည်းပညာတက္ကသိုလ် အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၂) ဖွင့်လှစ်ခဲ့ရာ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွေး၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်စီးမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များ၊ မျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ နည်းပညာတက္ကသိုလ်မှပါမောက္ခချုပ်ဒေါက်တာခင်မောင်ချင်းနှင့် ဒုတိယပါမောက္ခချုပ်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊လက် ထောက် ညွှန်ကြားရေးမှူး ဦးစောလွင်အေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ဝင်များနှင့် သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။