ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ချောင်းသာ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေအသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းကျော်ကျော်နှင့် မြို့ဒေသခံ( Book Club )နှင့် (Youth Club)အဖွဲ့တို့က စာရေးဆရာ အောင်သင်း ရေးသားသည့် “လက်ဆင့်ကမ်းခဲ့သော လုပ်အားတန်ဖိုး” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ပြီး စာအုပ်ပါအကြောင်းအရာများမှ ပေးစွမ်းသည့် သုတ၊ ရသများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်၊ လူရွယ်များ စာဖတ်သည့် အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာ ဗဟုသုတများဖြင့် အများပြည်သူများအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)