သန်လျင်မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်

သန်လျင် နိုဝင်ဘာ ၂၂

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မြို့မဈေးကြီး မီးဘေးအန္တရယ်ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ပွဲကို ယနေ့ နံနက် ၉ နာရီ တွင် သန်လျင်မြို့မဈေးကြီး၌ ကျင်းပသည်။

မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်မီးဘေးကြိုတင် ကာကွယ်ရေးနှင့် တားဆီးရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မဈေးဌာနဝန်ထမ်းများ၊ ဈေးအကျိုးဆောင်အဖွဲ့နှင့် ဈေးသူဈေးသားများ တက်ရောက်ကြသည်။

ထို့နောက် သန်လျင်ခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းက မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် လက်တွေ့မီးငြိမ်းသတ်မှုကို ပြသကြသည်။ ထို့နောက် သန်လျင်မြို့နယ် မီးသတ်စခန်းမှ စခန်းမှုး ဦးရဲလင်းထွန်းနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်မှု သရုပ်ပြ ဆောင်ရွက်ကြသည်။

ယင်းနောက် မြို့နယ်မီးဘေးကြိုတင် ကာကွယ်တားဆီးရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သန်လျင်မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး မီးချိပ်၊ မီးကပ်၊ ရေသဲ ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)