ကျောက်ကြီးမြို့နယ်၌ အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က စတင်ပြီး အခြေခံပညာဦးစီးဌာန၏ စီမံမှုဖြင့် အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲအား မြို့နယ် ပညာရေးမှူးရုံးမှ ကြီးကြပ်၍ ကျင်းပခဲ့ကြောင်း သိရသည်။