မြစ်ကြီးနား နိုဝင်ဘာ ၂၂
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းရှိ မျက်ခင်းပြင်၌ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ခရစ်ယာန်များ မိသဟာယ မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးလမုန်ဂမ်ဖန်မှ အဖွင့်ဆက်ကပ် ဆုတောင်းခဲ့ပြီး ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်သူက အဖွင့်မှာစကားပြောကြားကာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က အားပေးစကားပြောကြား ခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် ဖားခုန်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ဘောလုံးဂိုးသွင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ နှင့် အားကစားနည်းများအား မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်း သင်တန်းသား သင်တန်းသူများက တပျော်တပါး ယှဥ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူများအား ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များနှင့် ဆုငွေကျပ်များ ပေးအပ်ချီးမြှင့်သည်။
ခရိုင် (ပြန်/ဆက်)