မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၂၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်မှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ ပြင်ဦး လွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီး မှူး၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာန မြို့နယ် ဦးစီးမှူး၊ ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် အခြားဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ကျေးရွာမှ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများစုံလင်စွာတက်ရောက်ခဲ့ကြသည်။

ယခုဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းသို့ သင်တန်းသား (၂၀) ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းအား  (၂၂.၁၁.၂၀၂၂)ရက်နေ့မှ (၂၁.၁၂. ၂၀၂၂)ရက်နေ့အထိ (၁)လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)