ဝါးခယ်မမြို့နယ်၌ ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူရေးရာ အကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဝါးခယ်မ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါခယ်မမြို့နယ်၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံး၌ စားသုံးသူရေးရာ အကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးအောင်မိုးမှ ဆန်စက်လုပ်ငန်းရှင်ကြီးများအား စားသုံးသူရေးရာကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူအခွင့်အလမ်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဌာနမှ ထုန်ပြန်ထားသည့် ဥပဒေများနှင့်အညီ စီမံဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)