ကြည့်မြင်တိုင်မြို့နယ်၌ အ​ခြေခံစား​သောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အ​ရောက်ရောင်းချ​

ကြည့်မြင်တိုင် နိုဝင်ဘာ ၂၂

ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန် များကို  ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ယ​နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ ကြည့်မြင်တိုင်မြို့နယ်၊  စျေးကလေးရပ်ကွက်၊ စျေးက​လေး (၅)လမ်း၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အ​ခြေခံစား​သောက်ကုန်များအား ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမျိုးညီညီ ဦး​ဆောင်​သော ဌာနဆိုင်ရာအဖွဲ့များမှ ရပ်ကွက်​နေပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချ​ပေးလျက်ရှိ​ကြောင်း သိရသည်။ 

ကြည့်မြင်တိုင်မြို့နယ်တွင် အ​ခြေခံစား​သောက်ကုန်များ ​ရောင်းချခြင်းကို ရပ်ကွက်များတွင် အလှည့်ကျ​ ရောင်းချ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)