မြို့သစ် နိုဝင်ဘာ ၂၂
မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွဲ့ဖြိုးရေးဦးစီးဌာနက (ဝါးကြီးအိုင်) နေပြည်တော်-မြို့သစ်-ကံပြားလမ်းတို့အား ဆက်သွယ်ထားသော ကျောက်ချောလမ်းအား အဆင့်မြင့်ကတ္တရာလမ်းအဖြစ် တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်းအား နေပြည်တော် - မြို့သစ် -ကံပြားလမ်းပေါ်ရှိ(၀/၇)မိုင်နှင့် (၁/၁)မိုင်ကြားအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၃၉.၉)သန်းဖြင့်လမ်း ( 0KM-၂.၃၉၈ KM)လမ်းအရှည် (၁/၃၉၂)မိုင် (၂.၃၉၈KM)အား ( ၃.၆၆M )အကျယ် ကတ္တရာခင်းရန် ( Magway ico Co-ltd )တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ဝါးကြီးအိုင်-မြို့သစ်-နေပြည်တော်-ကံပြားလမ်းအဆင့်မြင့် ကတ္တရာခင်းခြင်းပြီး စီးပါက ကျေးရွာ (၁၁)ရွာ၊ အိမ်ခြေ (၁၉၁၀)အိမ်၊ လူဉီးရေ (၁၆၂၉၆)ဉီးတို့၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးတို့အတွက် အချိန်နှောင့်နှေးမှုမရှိဘဲ အလွယ်တကူဖြတ်သန်းသွားနိုင်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနက သိရသည်။
ကိုဇော် (ပြန်/ဆက်)