သာကေတ နိုဝင်ဘာ ၂၂
ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ ဦးစီး၍ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းအရ မိုဘိုင်းစနစ်ဖြင့် ပြည်သူများအား တီဘီရောဂါ (အခမဲ) ကွင်းဆင်းရှာဖွေကုသလျက်ရှိရာ ယနေ့နံနက် (၁၁) နာရီအချိန်က သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ စက်မှုဇုံကော်မတီရုံးခန်းမ၌ ကျန်းမာရေး ဝန်ထမ်းများက အခမဲ့ရှာဖွေကုသပေးကြောင်း သိရသည်။
အဆိုပါ တီဘီရောဂါရှာဖွေခြင်း ကွင်းဆင်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှကြည့်ရှု့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။ တီဘီရောဂါ တိုက်ဖျက်ရေးဌာန၊ ကျန်းမာရေးဝန်ထမ်းများမှ “တီဘီရောဂါကင်းဝေးဖို့၊ အားလုံးလက်တွဲပါဝင်လို့၊ စက္ကန့်မနှေးဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသခြင်း လုပ်ငန်းအား သာကေတမြို့နယ်တွင် နိုဝင်ဘာ (၂၂) ရက်နေ့မှ (၂၅) ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်၍ မည်သူမဆို (အခမဲ့) စစ်ဆေးနိုင်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)