တောင်ငူ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆက်ကပ်လျက်ရှိသော ဘွဲ့တံဆိပ်တော်များအကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက်
တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သာသနာရေးဦးစီးဌာန တို့ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်/ဆက်ဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆက်ကပ်လျက်ရှိသော ဘွဲ့တံဆိပ်တော်များအကြောင်း” အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့သည်။