တောင်ငူ နိုဝင်ဘာ ၂၄
တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သာသနာရေးဦးစီးဌာန တို့ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်/ဆက်ဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆက်ကပ်လျက်ရှိသော ဘွဲ့တံဆိပ်တော်များအကြောင်း” အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) တွင် ခရိုင်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် ခရိုင်သာသနာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်တို့က သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ပြဌာန်းခြင်း၊ ဘွဲ့တံဆိပ်တော်များနှင့် သတ်မှတ်ထားသည့်ဂုဏ်အင်္ဂါအရည်အချင်းများအကြောင်း၊ သာသနာရေးဦးစီးဌာနမှဆက်ကပ်လျက်ရှိသည့် ဘွဲ့တံဆိပ်တော်(၈)မျိုးနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ဆက်ကပ်လျက်ရှိသည့် ဘွဲ့တံဆိပ်တော်(၁၅)မျိုးတို့၏အကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို တောင်ငူခရိုင် ပြန်/ဆက်ဦးစီးဌာန၏ ခရိုင်ပြည်သူ့စာကြည့်တိုက်အမည်ဖြင့် ဖွင့်လှစ်ထားသည့် Facebook Page မှတစ်ဆင့် လွှင့်တင်ပေးမည်ဖြစ်ပြီး၊ ပြည်သူများဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)