သာကေတ အောက်တိုဘာ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က သာကေတမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ သံလွင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် သာကေတမြို့နယ် ပညာရေးမှူး ဒေါ်ခင်အုန်းဝင်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါခိုင်ဝေဝေနှင်းမှ လူငယ်နှင့်အားကစားအသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်းသည် လူငယ်လူရွယ်များ အားကစားကို တန်ဖိုးထား ပြုလုပ်မည့် အလေ့အကျင့်များရရှိစေရန်၊ အရည်အချင်းပြည့်ဝသည့် လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန်” ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ခင်ပြုံးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် တိုက်ကွမ်ဒိုအားကစား နည်းပြဦးစိုးထွဋ်ဦးမှ တိုက်ကွမ်ဒိုအားကစားနည်းနှင့် ပက်သတ်ပြီး အသိပညာပေး ဟောပြောကာ တိုက်ကွမ်ဒို အားကစားအဖွဲ့မှ တိုက်ကွမ်ဒို အားကစားနည်းဖြင့်လည်းကောင်း Physical Fitness Dance အားကစားနည်းများဖြင့် သရုပ်ပြသခဲ့ပြီး အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းအတွက် အားကစားပစ္စည်းများအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်ခိုင်ဝေဝေနှင်းမှ ပေးအပ်ရာ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမ ဒေါ်ခင်ပြုံးမှ လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)