မိုးညှင်း နိုဝင်ဘာ ၂၄
၂၀၂၂ခုနှစ် နိုဝင်ဘာ (၂၃)ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၈)နှစ်မြောက် စာဆိုတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာပေဟော ပြောပွဲကို ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဦး (သစ္စာ/မိုးညှင်း)က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ မြင်းမူမောင်နိုင်မိုးထံမှပေးပို့သော ၁၃၈၄ ခုနှစ် စာဆိုတော်နေ့သဝဏ်လွှာကို မြို့နယ်စာရေးဆရာအသင်း နာယက ဦးထွန်းရီ (ရွှေကျွန်းယဉ်မြတ်/ မိုးညှင်း)ကဖတ်ကြားခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စာကြည့်တိုက်နှင့်ပတ်သက်သည့် အကြောင်းအရာများဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဦးက“တန်ဖိုး”ဟူသော ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်ဖြစ်သည့် စာရေးဆရာမ ဒေါ်ခင်မာဆွေ (တင်တင်ဆွေမာ)က “မြန်မာစာပေ သမိုင်းကြောင်းနှင့် စာဆို တော်များ”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း