ပေါက်တော နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့နယ်အဆင့် အသင်းအဖွဲ့များ မှတ်ပုံတင်ရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၂၈.၁၀.၂၀၂၂)ရက်စွဲပါ ဥပဒေအမှတ် (၄၆/၂၀၂၂)ဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း၊ အသင်းအဖွဲ့မှတ်ပုံတင်ခွင့်ပြုရေးနှင့်စပ်လျဥ်းပြီး နည်းဥပဒေမထုတ်ပြန်မီ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အတွက် မှတ်ပုံတင်ရေးအဖွဲ့များ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း တို့ကိုအကျယ်တဝင့် ဆွေးနွေးပြောကြားသည်။ အဆိုပါအသင်းအဖွဲ့ မှတ်ပုံ တင်ရေးအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဥက္ကဋ္ဌ၊ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးမှ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်လဝကဦးစီးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့် မြို့နယ် စီမံကိန်းဦးစီးမှူးတို့က အဖွဲ့ဝင်များအဖြစ်ပါဝင်ကာ ပေါက်တောမြို့နယ်အတွင်း အသင်းအဖွဲ့များ မှတ်ပုံတင်ရေးအဖွဲ့တွင် မြို့နယ်လုံးဆိုင်ရာနာရေးကူညီမှုအသင်းနှင့် မျိုးဆက်သစ် လူငယ်များဆိုင်ရာသာရေး/နာရေးကူညီမှုအသင်းဟူ၍ အသင်းအဖွဲ့ (၂)ခုအဖြစ် မှတ်ပုံတင်ထားလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)