(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲအခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားများတွင် ပြည်နယ်အတွင်းရှိထူးခြားသည့် MSME လုပ်ငန်းများနှင့် ဒေသထုတ်ကုန်များ ဖော်ထုတ်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်း များနှင့် ပတ်သက်၍ ထူးခြားလုပ်ငန်းများနှင့် ထုတ်ကုန်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား များတွင် ဖော်ထုတ်ပြသနိုင်ရေးအတွက် ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များ၏ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။