ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများအလိုက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်း၊ စာရင်းကောက်ခြင်းလုပ်ငန်းအဖွဲ့သည် ဒုရင်ဒုဘိုအုပ်စု၊ ရွှေပန်းတောကျေးရွာတွင် ယနေ့နံနက်ပိုင်းကစတင်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။