ကျွန်းစုမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်း၏ အပြင်ပ လှုပ်ရှားသွားလာရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ ဖြတ်ကူးသွားလာရေးတို့ကို သိရှိနိုင်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က  ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ရာ သာဿနာ့နွယ်ဝင်ရဟန်းရှင်ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများနှင့် အပိုထပ်ဆောင်းဆေးများကို ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်တံခါးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာအလယ်တန်း(ခင်ကြီး)ကျောင်းတွင် ယမန်နေ့က “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အခြေခံပညာကျောင်းများမှ မြို့နယ်အဆင့် ကျောင်းသား၊ ကျောင်းသူများ၏  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခန့်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း “ပညာ့ဂုဏ်ရည်ခန်းမ”၌  ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ တောင်ကြီးခရိုင်၊ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမတွင် ၂၀၂၂ ခုနှစ်၊ ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ပဲခူးမြို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညောင်လေးပင်မြို့နယ်တွင် တိုက်ပွဲရှောင်ပြောင်းရွေ့နေထိုင်သူများ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ တိုက်ပွဲရှောင်ပြောင်းရွေ့နေထိုင်သူများအား ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့၌ စနစ်တကျအမှိုက်စွန့်ပစ်ရေးခေါင်းစဉ်ဖြင့် အသိပညားပေး ဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ "စနစ်တကျအမှိုက်စွန့်ပစ်ရေး" ခေါင်းစဉ်ဖြင့်အသိပညာပေးဟော ပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆန်ချဆိပ်ရပ် ကွက် အ-မ-က(မူလွန်) ၌ ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊ အ-ထ-က(၂)ကျောင်း၌ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပခုက္ကူမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ဥတ္တရသီရိမြို့နယ်၌ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဥတ္တရသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ ရွှေဟင်္သာကျောင်းတိုက်၌ ကျင်းပရာ  ဥတ္တရသီရိမြို့နယ် သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပဒုမ အရှင်သူမြတ် အမှူးပြုသည့်  ဆရာတော် သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြသည်။
Subscribe to