ဝေါမြို့နယ်၌ လူရည်ချွန် ကျောင်းသား၊ကျောင်းသူ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဝေါ  နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဝေါမြို့နယ်ပညာရေးမှူး ဦးကြည်စိုးက နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ် ထွန်းလာစေရေးအတွက် ဘက်စုံပညာထူးချွန်သည့် ကျောင်းသား၊ကျောင်းသူများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရေးသည် ပညာရေးဝန် ကြီးဌာန၏ အဓိကလုပ်ငန်းစဥ်ဖြစ်ပြီး လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများရွေးချယ်ရာတွင် ကျောင်းအဆင့်၊ မြို့နယ်အဆင့်နှင့် ခရိုင်အဆင့်ရေးဖြေ၊နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းလုပ်ငန်းများကို စနစ်တကျမှန်ကန်စွာစိစစ်ရွေးချယ်နိုင်ရေး ဆွေး နွေးပြောကြားသည်။ထို့နောက် မြို့နယ်အားကစားမှူး ဦးအောင်လင်းက ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးရာတွင် ယှဥ်ပြိုင်ရမည့်ခေါင်းစဥ်အလိုက် ကျောင်းသား၊ကျောင်းသူ (၁) ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို နည်းစနစ်ပါအတိုင် သတ်မှတ်ထားသောစံချိန်အရ အမှတ်ပေးခြင်း၊ စနစ် တကျစိစစ်ရွေးချယ်ခြင်းပြုလုပ်ပေးသွားမည့်အခြေအနေများအား ရှင်းလင်းပြောကြားသည်။

လူရည်ချွန်ကျောင်းသား၊ကျောင်းသူများရွေးချယ်ရာတွင် Grade -9၊Grade-10 ၊Grade-11 အတန်းများအား ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ သင်္ချာ (၅၀)၊ ပြပဗဟု သုတ (၅၀)၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ မြန်မာ့ယဥ်ကျေးမှုနှင့် ထုံးဓလေ့၊အထွေထွေဗဟုသုတ၊ ကိုယ်ကာယကြံ့ခိုင်ရေးနှင့်ယုံကြည်မှု မီတာ ၁၀၀၊ လက်ထောက်မှေက်တွန်းတင်၊ ရပ်လျက် အလျားခုန်၊အိပ်ထမတင်၊ မီတာ၈၀၀ ကျား၊ မီတာ၄၀၀ မ ၊စသည့်ဘာသာရပ်များအား စစ်ဆေး အကဲဖြတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်ဆက်)